Version 1.0 • နောက်ဆုံးပြင်ဆင်ရက် - 9/14/2026
Hmar-Mal POS သည် Browser မှတစ်ဆင့် တိုက်ရိုက်အသုံးပြုနိုင်သော စနစ်ဖြစ်သော်လည်း၊ ဖုန်းထဲတွင် App တစ်ခုကဲ့သို့ အလွယ်တကူ သုံးနိုင်ရန် Home Screen သို့ ထည့်သွင်းနိုင်ပါသည်။
ဆိုင်ပိုင်ရှင်အနေဖြင့် စနစ်ကိုစတင်အသုံးပြုရန် အကောင့်ဖွင့်ရပါမည်။ App ၏ ပင်မစာမျက်နှာရှိ "အကောင့်ဝင်ရန် / Login" ခလုတ်ကို နှိပ်ပါ။ ထို့နောက် "Sign Up" ကို ရွေးချယ်ပြီး မိမိ၏ အမည်၊ အီးမေးလ်နှင့် စကားဝှက်တို့ကို ထည့်သွင်း၍ အကောင့်သစ် ဖန်တီးနိုင်ပါသည်။
ကိုယ်တိုင် ဆိုင်အသစ်ဖွင့်လှစ်နိုင်ပါပြီ
အကောင့်ဝင်ပြီးသည်နှင့် Admin Dashboard ရှိ "Create New Shop" (ဆိုင်အသစ် ဖွင့်မည်) ခလုတ်ကိုနှိပ်၍ သင့်ကိုယ်ပိုင်ဆိုင်ကို အခမဲ့ စတင်ဖန်တီးနိုင်ပါသည်။ (Free Plan တွင် စားပွဲ ၅ လုံး နှင့် ဝန်ထမ်း ၂ ဦးအထိ အခမဲ့ အသုံးပြုနိုင်ပါသည်။)
အမျိုးအစားများ (Categories): မီနူးများကို မထည့်သွင်းမီ "Categories" သို့သွား၍ ဟင်းလျာအမျိုးအစားများ (ဥပမာ - အအေး၊ အထောင်း၊ ထမင်းကြော်) ကို အရင်ဖန်တီးရပါမည်။
ဟင်းလျာများ (Meals): "Meals" သို့သွား၍ ဟင်းလျာအသစ်များကို ထည့်သွင်းပါ။
ဆိုင်တွင် ကူညီလုပ်ဆောင်မည့် မန်နေဂျာ၊ စားပွဲထိုး၊ မီးဖိုချောင်ဝန်ထမ်းများကို ဖိတ်ခေါ်နိုင်ပါသည်။
စားပွဲအရေအတွက် သို့မဟုတ် ဝန်ထမ်းအရေအတွက် ပိုမိုလိုအပ်လာပါက Plan ကို အဆင့်မြှင့်နိုင်ပါသည်။ "Subscription" စာမျက်နှာသို့ သွား၍ မိမိဆိုင်နှင့် ကိုက်ညီမည့် Plan (Basic, Premium, Enterprise) ကို ရွေးချယ်ပြီး ကျသင့်ငွေကို တိုက်ရိုက်ပေးချေကာ အဆင့်မြှင့်တင်နိုင်ပါသည်။ သက်တမ်းကုန်ဆုံးခါနီးပါကလည်း App ထဲတွင် သတိပေးချက် (Reminder) ပေါ်လာမည်ဖြစ်ပါသည်။
Basic Plan နှင့်အထက်တွင် အကန့်အသတ်မရှိ "Pre-Orders" စနစ်ပါဝင်ပြီး Free Plan တွင် တစ်လလျှင် အကြိမ် (၆၀) အထိ အသုံးပြုနိုင်ပါသည်။ ဆိုင်ဝန်ထမ်းမှ Pre-order အတွက် သီးသန့် အော်ဒါလင့်ခ်တစ်ခု (Pre-order Link) ကို ဖန်တီး၍ ဖောက်သည်ထံသို့ ပေးပို့ရပါမည်။ ဖောက်သည်သည် ထိုလင့်ခ်မှတစ်ဆင့် ဟင်းလျာများကို ရွေးချယ်ပြီး ကြိုတင်အော်ဒါတင်နိုင်ပါသည်။ ထို့နောက် "Pre-Orders" စာမျက်နှာတွင် ဧည့်သည်အမည်၊ လာယူမည့်အချိန် (Target Time) နှင့် အော်ဒါများကို စနစ်တကျ ကြည့်ရှုပြင်ဆင်နိုင်ပါသည်။
ဧည့်သည်သည် ဝန်ထမ်း၏ ဖုန်း/Tablet တွင် ပြသထားသော သက်ဆိုင်ရာ စားပွဲ၏ QR ကုဒ်ကို မိမိဖုန်းဖြင့် စကင်ဖတ်မည် (သို့မဟုတ်) ဝန်ထမ်းမှပေးသော ဂဏန်း ၆ လုံးပါ Short Code ကို ရိုက်ထည့်မည်။
ဒစ်ဂျစ်တယ်မီနူး ပေါ်လာမည်။ လိုချင်သော ဟင်းလျာများကို ရွေးချယ်ပြီး Cart ထဲထည့်ကာ "အော်ဒါတင်မည်" နှိပ်လိုက်ပါမည်။
ထိုအော်ဒါသည် ဆိုင်၏ Kitchen Display နှင့် Tables စာမျက်နှာသို့ ချက်ချင်း ရောက်ရှိလာပါမည်။ မီးဖိုချောင်မှ ချက်ပြုတ်ပြီးစီးပါက Ready to Serve (ပို့ဆောင်ရန်အသင့်) စာမျက်နှာတွင် ပေါ်လာမည်ဖြစ်ပြီး စားပွဲထိုးများမှ သက်ဆိုင်ရာစားပွဲသို့ ပို့ဆောင်ပြီး "Mark as Served" ကို နှိပ်နိုင်ပါသည်။
ဧည့်သည်မှ အကူအညီလိုအပ်ပါက ဖုန်းထဲမှ "ဝန်ထမ်းခေါ်မည် (Call Staff)" ခလုတ်ကို နှိပ်လိုက်ပါက ဆိုင်ရှိစက်များတွင် အသံမြည်၍ စားပွဲနံပါတ် အဝါရောင်ဖြင့် လင်းလာမည်ဖြစ်ပါသည်။
ဧည့်သည်မှ ဘေလ်ရှင်းလိုပါက ဖုန်းထဲမှ "ငွေရှင်းရန် ဝန်ထမ်းခေါ်မည်" ကို နှိပ်လိုက်ပါက ဆိုင်ရှိစက်များတွင် အသံမြည်၍ စားပွဲနံပါတ် အနီရောင်ဖြင့် လင်းလာမည်ဖြစ်ပါသည်။
"Settings" စာမျက်နှာရှိ "Financial Settings" တွင် ဆိုင်အတွက် အခွန် (Tax % အကောက်ခွန်) နှင့် ဝန်ဆောင်ခ (Service Charge %) တို့ကို ပုံသေ သတ်မှတ်ထားနိုင်ပါသည်။
ထို့အပြင် "Custom Extra Charges Presets" တွင် အခန်းခ (Room Charge)၊ သီချင်းဆိုခ စသည့် အခြားကျသင့်ငွေများကို ကြိုတင်ဖန်တီးထားနိုင်ပြီး ငွေရှင်းမည့်အချိန် (Checkout) တွင် အော်ဒါထဲသို့ အလွယ်တကူ ထည့်သွင်းကောက်ခံနိုင်ပါသည်။
ဆိုင်တိုင်းအတွက် ကိုယ်ပိုင် Landing Page လင့်ခ် (ဥပမာ - hmar-mal.com/shop/my-restaurant) ကို အလိုအလျောက် ဖန်တီးပေးထားပါသည်။ ထိုစာမျက်နှာကို လှပနေစေရန် "Settings" တွင် -